သင့် iPhone ကင်မရာဖြင့် Portrait နည်းစနစ်ဖြင့် ဓာတ်ပုံများ ရိုက်ကူးခြင်း
Camera
ပါသည့် Portrait နည်းစနစ်ကို ပံ့ပိုးပေးသော အမျိုးအစားများ တွင် လှပစွာဝေဝါးသည့်နောက်ခံတစ်ခုဖန်တီးကာ သင်ဦးစားပေးရိုက်ကူးသည့်အရာကို ထင်ရှားစေမည့် နက်ရှိုင်းသည့်ရိုက်ကူးချက်(depth-of-field effect) ကိုသုံးနိုင်သည်။ သင့် Portrait ဓာတ်ပုံများကို မတူညီသည့်အလင်းအမှောင်လုပ်ဆောင်ချက်များ ထားရှိ၊ ချိန်ညှိနိုင်သလိုရသည့်အမျိုးအစားများ တွင်Portrait mode စနစ်ဖြင့်ဆယ်လ်ဖီများပင် ရိုက်နိုင်သည်။
Portrait modeနှင့် ဓာတ်ပုံရိုက်ရန်
Portrait Lighting ထောက်ပံ့ပေးထားသော အမျိုးအစားများ တွင် Portrait နည်းစနစ်ဓာတ်ပုံများကို စတူဒီယိုအရည်အသွေးဖြင့်အလင်းထောက်ပံ့မှုထားရှိနိုင်သည်။

Portrait စနစ်ကို ရွေးပါ။
သင့်ရုပ်ပုံကို အဝါရောင်ပုံတူရိုက်ကူးသည့်ဘောင်ထဲတွင်အံကိုက်ဖြစ်စေရန် ဖန်သားပြင်ပေါ်ရှိ အချက်အလက်များကို လိုက်နာပါ။
အလင်းပြုလုပ်ဖန်တီးချက်တစ်ခုအား ရွေးချယ်ရန်
ကိုဆွဲပါ။Natural Light၊ မှုန်ဝါးနေသော နောက်ခံနှင့်မတူ မျက်နှာအား အဓိကထား၍ပြတ်သားစွာဖော်ပြသည်။
Studio Light၊ မျက်နှာသည် တောက်ပစွာလင်းလက်နေပြီး ဓာတ်ပုံတစ်ပုံလုံး ပြတ်ပြတ်သားသားအသွင်ရှိမည်။
Contour Light၊ မျက်နှာတွင် အလင်းကဲသည့်နေရာနှင့် အလင်းနည်းသည့်နေရာတို့ဖြင့် ထူးခြားကောင်းမွန်သည့် အရိပ်များပါရှိမည်။
Stage Light၊ အမှောင်ကျနေသော နောက်ခံနှင့်မတူ မျက်နှာကို မီးမောင်းထိုးထားမည်။
Stage Light Mono၊ ၎င်းပြုလုပ်ဖန်တီးချက်သည် Stage Light နှင့်တူသော်လည်း ဓာတ်ပုံသည် သမားရိုးကျအဖြူနှင့်အမည်းပုံဖြစ်သည်။
High-Key Light Mono၊ အဖြူရောင်နောက်ခံတွင် မီးခိုးရောင်အရာဝတ္ထုတစ်ခုကိုဖန်တီးခြင်း (အထောက်အကူပြုသောမော်ဒယ်များတွင်)။
ဓာတ်ပုံရိုက်ရန် Shutter ခလုတ်ကိုနှိပ်ပါ။
မှတ်စု iPhone XR တွင်ရှေ့ကင်မရာကို အသုံးပြုသည့်အခါမှသာ Stage Light Stage Light Mono နှင့် High-Key Light Mono ကိုသုံး၍ရနိုင်မည်ဖြစ်သည်။
Portrait mode ဖြင့် ဓာတ်ပုံရိုက်ပြီးသည့်အခါ Photos အတွင်းရှိ Portrait mode လုပ်ဆောင်ချက်ကို ဖယ်ရှားနိုင်သည်။ ဓာတ်ပုံကိုဖွင့်ပြီး Edit ကိုနှိပ်ပါ။ ထို့နောက် လုပ်ဆောင်ချက်ကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် Portrait ကို နှိပ်ပါ။
Portrait mode တွင် Depth Control ကိုချိန်ညှိပါ။
Depth Controlကို ထောက်ပံ့ပေးထားသည့် အမျိုးအစားများ တွင် သင့်Portrait mode ဓာတ်ပုံများတွင် နောက်ခံမှုန်ဝါးမှုပမာဏကို ချိန်ညှိရန် Depth Control ဆလိုက်ဒါကို အသုံးပြုပါ။

Portrait စနစ်ကိုရွေးပြီး သင်ဦးစားပေးရိုက်ယူမည့်အရာကို ဘောင်သတ်မှတ်ပါ။
ဖန်သားပြင်၏ ညာဘက်ထိပ်နားရှိ
ကို နှိပ်ပါ။Depth Control ဆလိုက်ဘားက ဘောင်အောက်နားတွင် ပေါ်လာပါမည်။
ထိုအထူးပြုလုပ်ချက်ကိုချိန်ညှိရန် ဆလိုက်ဘားကိုဘယ်ဘက် သို့မဟုတ် ညာဘက်သို့ဆွဲယူပါ။
ဓာတ်ပုံရိုက်ရန် Shutter ခလုတ်ကိုနှိပ်ပါ။
Portrait mode နှင့် ဓာတ်ပုံရိုက်ပြီးသည့်အခါ နောက်ခံမှုန်ဝါးမှုကို ထပ်မံချိန်ညှိရန် Photos အတွင်းမှ Depth Control ဆလိုက်ဘားကိုအသုံးပြုပါ။ Portrait စနစ်ဖြင့်ရိုက်ထားသည့်ဓာတ်ပုံများကို တည်းဖြတ်ခြင်း ကိုကြည့်ပါ။
Portrait modeတွင် Portrait Lighting ကို ချိန်ညှိပါ။
ထောက်ပံ့ထားသောအမျိုးအစားများတွင် မျက်ဝန်းများပိုတောက်စေရန် သို့မဟုတ် မျက်နှာအစိတ်အပိုင်းများပိုအရောင်တောက်၊ချောမွေ့စေရန် အနေအထားကို ချိန်ညှိပြီးတစ်ပုံချင်းစီ၏ Portrait Lighting လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်သည်။
Portrait စနစ်ကို ရွေးပြီးနောက် အလင်းပြုလုပ်ဖန်တီးချက်တစ်ခုအား ရွေးချယ်ရန်
ကိုဆွဲပါ။ဖန်သားပြင်ထိပ်ပေါ်ရှိ
ကိုနှိပ်ပါ။Portrait Lighting ဆလိုက်ဒါသည် ဘောင်အောက်တွင်ပေါ်လာသည်။
ထိုအထူးပြုလုပ်ချက်ကိုချိန်ညှိရန် ဆလိုက်ဘားကိုဘယ်ဘက် သို့မဟုတ် ညာဘက်သို့ဆွဲယူပါ။
ဓာတ်ပုံရိုက်ရန် Shutter ခလုတ်ကိုနှိပ်ပါ။
Portrait mode နှင့် ဓာတ်ပုံရိုက်ပြီးသည့်အခါ အလင်းအရောင်ကို ထပ်မံချိန်ညှိရန် Photos အတွင်းမှ Portrait Lighting ဆလိုက်ဘားကိုအသုံးပြုပါ။ Portrait စနစ်ဖြင့်ရိုက်ထားသည့်ဓာတ်ပုံများကို တည်းဖြတ်ခြင်း ကိုကြည့်ပါ။