iPhone တွင်ဖန်သားပြင်အလင်းအမှောင်နှင့် အရောင်ကို ညှိခြင်း
iPhone တွင်၊ ဘက်ထရီသက်တမ်းကြာရှည်ခံရန်ဖန်သားပြင်ကိုမှိန်၍ Night Shift ကိုသုံးခြင်း၊ Dark Mode ကိုစီမံခြင်း နှင့် သင်ရသည့်အလင်းရောင်အနေအထားပေါ်မူတည်၍ ဖန်သားပြင် အား အလိုအလျောက်ညှိပေးခြင်း။
Dark Mode ကိုဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
Dark Mode သည် iPhone တစ်ခုလုံးကို အလင်းရောင်နည်းသည့်ပတ်ဝန်းကျင်အတွက် ပြီးပြည့်စုံစေမည့် အနက်ရောင်အနေအထားတစ်ခု ပေးစွမ်းနိုင်သည်။ Dark Mode ကို Control Center မှဖွင့်နိုင်သည် သို့မဟုတ် Settings ထဲရှိ ညအချိန်(သို့မဟုတ် စိတ်ကြိုက်အချိန်တစ်ခုတွင်)တွင်အလိုအလျောက်ပွင့်ရန် ချိန်ညှိသတ်မှတ်နိုင်သည်။ Dark Mode ဖွင့်ထားလျှင် သင့် iPhone ကို အေးအေးဆေးဆေးအသုံးပြုနိုင်သည်၊ ဥပမာ သင့်ဘေးတွင်ရှိသည့်လူကို အနှောင့်အယှက်မဖြစ်စေဘဲ အိပ်ရာထဲတွင်စာဖတ်နိုင်သည်။
အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊
Control Centerကိုဖွင့်ပါ၊
ကို ထိပြီးထိန်းထားပါ၊ ထို့နောက် Dark Mode ကိုဖွင့်ရန် သို့မဟုတ် ပိတ်စေရန်
ကိုနှိပ်ပါ။Settings
> Display & Brightness သို့သွားပါ၊ ထို့နောက် Dark Mode ကိုဖွင့်ရန် Dark ကိုရွေးပါ သို့မဟုတ် ပြန်ပိတ်ရန် Light ကိုရွေးပါ။

အလိုအလျောက် ပိတ်ရန် နှင့် ဖွင့်ရန်အတွက် Dark Mode အား အချိန်သတ်မှတ်ထားခြင်း
Settings
> Display & Brightness သို့သွားပါ။Automatic ကိုဖွင့်၍ Options ကိုနှိပ်ပါ။
Sunset to Sunrise ကိုဖြစ်စေ Custom Schedule ကိုဖြစ်စေရွေးချယ်ပါ။
Custom Schedule ကို သင်ရွေးချယ်ပါက Dark Mode ကို ဖွင့်လိုပိတ်လိုသည့် အချိန်များကိုစီစဉ်ရေးဆွဲထားဖို့ ရွေးရန်နည်းလမ်းများကို နှိပ်ပါ။
Sunset to Sunrise ကိုရွေးချယ်ပါက iPhone သင့်အတွက် ညအချိန်ကို သိရှိစေရန် အတွက် သင့်အချိန်နာရီနှင့် ပထဝီအနေအထားမှ အချက်အလက်များကို အသုံးပြုသွားမည်ဖြစ်သည်။
ဖန်သားပြင် အလင်းအမှောင်အား ကိုယ်တိုင်ညှိခြင်း
သင့် iPhone ဖန်သားပြင်အား ပိုမှိန်စေခြင်း သို့မဟုတ် ပို၍တောက်ပစေခြင်းများ ပြုလုပ်ရန် အောက်ပါတို့မှ တစ်ခုကို လုပ်ဆောင်ပါ၊
Control Centerကိုဖွင့်ပါ၊ ထို့နောက်
ကိုပွတ်ဆွဲပါ။Settings
> Display & Brightness သို့သွားပါ၊ ထို့နောက်ဆလိုက်ကိုပွတ်ဆွဲပါ။
ဖန်သားပြင်အလင်းအမှောင်ကို အလိုအလျောက်ညှိခြင်း
iPhone သည် ၎င်းတွင်ပါရှိသည့် ပတ်ဝန်းကျင်ရှိအလင်းအားအာရုံခံစနစ်ကို အသုံးပြု၍ လက်ရှိအလင်းအနေအထားနှင့်လိုက်သည့် ဖန်သားပြင် အလင်းအမှောင်ကို ညှိပေးသည်။
Settings
> Accessibility သို့သွားပါ။Display & Text Size ကိုနှိပ်ပါ၊ ထို့နောက် Auto-Brightness ကိုဖွင့်ပါ။
True Tone ကိုဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
အထောက်အကူပြုအမျိုးအစားများတွင် ပတ်ဝန်းကျင်ရှိ အလင်းရောင်နှင့် ကိုက်ညီသည့် အရောင်နှင့်အနုအရင့်ကိုအလိုအလျောက်ညှိရန် True Tone ကိုဖွင့်ပါ။
အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊
Control Centerကိုဖွင့်ပါ၊
ကို ထိပြီးထိန်းထားပါ၊ ထို့နောက် True Tone ပွင့်စေရန် သို့မဟုတ် ပိတ်စေရန်
ကိုနှိပ်ပါ။Settings
> Display & Brightness သို့သွားပါ၊ ထို့နောက် True Tone ကိုဖွင့်ပါ သို့မဟုတ် ပိတ်ပါ။
Night Shift ကိုကိုယ်တိုင်ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
နေ့အချိန်တွင် မည်းမှောင်သည့်အခန်းအတွင်း သင်ရောက်နေသည့်အခါ အကူအညီ ဖြစ်စေသည့် Night Shift အား ကိုယ်တိုင်ဖွင့်နိုင်သည်။
Control Centerကိုဖွင့်ပါ၊
ကို နှိပ်ပါ၊ ထို့နောက်
ကိုနှိပ်ပါ။
Night Shift အလိုအလျောက် ပိတ်ရန် နှင့် ဖွင့်ရန်အတွက် အချိန်သတ်မှတ်ထားခြင်း
ညအချိန်တွင် သင်ဖန်သားပြင်အလင်းစူးခြင်းများမရှိစေဖို့ အရောင်များပြောင်းရန် နှင့် ဖန်သားပြင်အား သင့်မျက်စိဖြင့် အလွယ်တကူကြည့်နိုင်ရန် Night Shift ကို အသုံးပြုခြင်း
Settings
> Display & Brightness > Night Shift သို့သွားပါ။Scheduled ကိုဖွင့်ပါ။
Night Shift အတွက် အရောင်ကိုက်ညီမှုကို ညှိရန်အတွက် Color Temperature အောက်ရှိ ဆလိုက်အား အလင်းစူးခြင်း သို့မဟုတ် အလင်းငြိမ်ခြင်းရှိရာသို့ ဆွဲယူသွားပါ။
From ကိုနှိပ်ပါ၊ ထို့နောက် Sunset to Sunrise ကိုဖြစ်စေ Custom Schedule ကိုဖြစ်စေရွေးချယ်ပါ။
Custom Schedule ကို သင်ရွေးချယ်ပါက Night Shift ကို ဖွင့်လိုပိတ်လိုသည့် အချိန်များကိုစီစဉ်ရေးဆွဲထားဖို့ ရွေးရန်နည်းလမ်းများကို နှိပ်ပါ။
Sunset to Sunrise ကိုရွေးချယ်ပါက iPhone သင့်အတွက် ညအချိန်ကို သိရှိစေရန် အတွက် သင့်အချိန်နာရီနှင့် ပထဝီအနေအထားမှ အချက်အလက်များကို အသုံးပြုသွားမည်ဖြစ်သည်။
မှတ်စု သင်သည် Settings
> Privacy ထဲရှိ Location Services ကို ပိတ်ထားလျှင် သို့မဟုတ် Settings
> Privacy > Location Services > System Services ထဲရှိ Setting Time Zone ကို ပိတ်ထားလျှင် Sunset to Sunrise နည်းလမ်းကို အသုံးပြုနိုင်မည်မဟုတ်ပါ။