iPhone တွင် VoiceOver ကိုဖွင့်၍ လေ့ကျင့်ခြင်း
VoiceOver နှင့်ဆိုလျှင်— လက်ဟန်လှုပ်ရှားမှုအခြေခံသည့်ဖန်သားပြင်ဖတ်ခြင်း- သင်ဖန်သားပြင်ကိုမမြင်ရလျှင်ပင် iPhone ကိုအသုံးပြုနိုင်သည်။ VoiceOver သည်သင်၏ဖန်သားပြင်ရှိဖော်ပြချက်များကို သင်ကြားအောင်ဆောင်ရွက်ပေးနိုင်သည်—ဘက်ထရီအဆင့်မှစပြီး မည်သူကဖုန်းခေါ်နေသည်၊သင်လက်ရှိဖွင့်ထားသည့် app စသည်တို့အထိဖော်ပြပေးသည်။ သင်၏လိုအပ်ချက်များကိုက်ညီစေရန် စကားပြောနှုန်းနှင့် အသံအနိမ့်အမြင့်တို့ကိုလည်း ချိန်ညှိနိုင်သည်။
ထိုဖန်သားပြင်ကို သင်ထိလိုက်သည့်အခါ သို့မဟုတ် သင့်လက်ချောင်းဖြင့် ဖန်သားပြင်ပေါ်တွင်ပွတ်ဆွဲလိုက်သည့်အခါ VoiceOver သည် သင်္ကေတများနှင့် စာသားအပါအဝင် သင်လက်ရှိဖွင့်ထားသည့် အမျိုးအစားအမည်ကိုပြောပြသည်။ ခလုတ် သို့မဟုတ် လင့်ခ်ကဲ့သို့သော အမျိုးအစားနှင့်တုံ့ပြန်ဆက်သွယ်ရန်၊ သို့မဟုတ် အခြားအမျိုးအစားသို့ညွှန်ပေးရန်၊ VoiceOver လက်ဟန်အမူအရာတို့ကိုအသုံးပြုပါ။
ဖန်သားပြင်အသစ်တစ်ခုသို့သွားသည့်အခါ VoiceOver သည် အသံထွက်လာသည်၊ ထို့နောက် ဖန်သားပြင်ပေါ်ရှိ ပထမဆုံးအမျိုးအစား၏အမည်ကို ရွေးချယ်၍ ပြောပါ။ (ပုံမှန်အရ ဘယ်ဘက်ထိပ်ထောင့်တွင်ရှိသည်)။ ဖုန်းမျက်နှာပြင်သည် အလျားလိုက်အနေအထား သို့မဟုတ် ဒေါင်လိုက်အနေအထားသို့ ပြောင်းသွားသည့်အခါ၊ ဖန်သားပြင်မှိန်လာခြင်း သို့မဟုတ် သော့ပိတ်သွားသည့်အခါ နှင့် iPhone ဖန်သားပြင်ကို ဖွင့်သည့်အခါ Lock ဖန်သားပြင်တွင်အသုံးပြုရန်အသင့်ရှိသည့် အရာတို့ကို VoiceOver မှသင့်ကိုပြောပြသည်။
VoiceOver ကိုဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း
အရေးကြီးသော VoiceOver သည် iPhone ကိုထိန်းချုပ်ရန်သုံးသည့် လက်ဟန်များကို ပြောင်းပေးသည်။ VoiceOver ကိုဖွင့်ထားသည့်အခါ iPhone လုပ်ငန်းဆောင်ရွက်စေရန် VoiceOver လက်ဟန်အမူအရာများကို မဖြစ်မနေအသုံးပြုရမည်။
VoiceOver ကိုဖွင့်ရန် သို့မဟုတ် ပိတ်ရန် အောက်ပါနည်းလမ်းများမှ တစ်ခုခုကိုအသုံးပြုပါ၊
Settings
> Accessibility > VoiceOver သို့သွားကာ ချိန်ညှိမှုကိုဖွင့်ပါ သို့မဟုတ် ပိတ်ပါ။Siri ကိုခေါ်ပြီး“Turn on VoiceOver” သို့မဟုတ် “Turn off VoiceOver"ဟုပြောပါ။
ဘေးခလုတ်ကိုသုံးကြိမ်ဆက်နှိပ်ပါ။ (Face ID ပါဝင်သည့် iPhone တစ်လုံးတွင်)
Home ခလုတ်ကို သုံးကြိမ်ဆက်နှိပ်ပါ။ (Home ခလုတ်ပါဝင်သည့် iPhone တစ်လုံးတွင်)
VoiceOver လက်ဟန်အမူအရာများကိုလေ့လာသင်ယူ၍ လေ့ကျင့်ခြင်း
iPhone သို့မဟုတ် ၎င်း၏ချိန်ညှိမှုများကို သက်ရောက်မှုမရှိစေဘဲ အထူးနယ်ပယ်ထဲတွင် VoiceOver အမူအရာများကို လေ့ကျင့်နိုင်သည်။ လက်ဟန်တစ်ခုကိုလေ့ကျင့်သည့်အခါ VoiceOver သည် ၎င်းလက်ဟန်နှင့် အကျိုးသက်ရောက်သည့် လုပ်ဆောင်ချက်ကိုဖော်ပြသည်။
သင့်အတွက် အသုံးဝင်ဆုံးအရာကိုရှာရန် နည်းလမ်းအမျိုးမျိုးကို စမ်းသပ်သုံးကြည့်ပါ။ လက်ဟန်အမူအရာတစ်ခုသည် အသုံးမဝင်ပါက အထူးသဖြင့် နှစ်ချက်ဆက်နှိပ်ခြင်း သို့မဟုတ် ပွတ်ဆွဲသည့်လက်ဟန်အမူအရာတစ်ခုအတွက် ပိုမိုလျှင်မြန်သည့် လှုပ်ရှားမှုတစ်ခုကို လုပ်ကြည့်ပါ။ ပွတ်ဆွဲရန် လက်ချောင်းတစ်ချောင်းဖြင့်ဖြစ်စေ လက်ချောင်းများဖြင့်ဖြစ်စေ ဖန်သားပြင်ပေါ်တွင် လျှင်မြန်စွာ ပွတ်ကြည့်ပါ။ လက်ချောင်းများဖြင့် လက်ဟန်အသုံးပြုခြင်းကို အထိရောက်ဆုံးဖြစ်စေရန် လက်ချောင်းများကို အနည်းငယ်ခြား၍ ဖန်သားပြင်ကို ထိပါ။
Settings
> Accessibility > VoiceOver သို့သွားပါ။VoiceOver ကိုဖွင့်ကာ VoiceOver Practice ကိုနှိပ်ပြီးနောက် စတင်ရန်နှစ်ချက်ဆက်နှိပ်ပါ။
လက်တစ်ချောင်း၊ နှစ်ချောင်း၊ သုံးချောင်းနှင့် လေးချောင်းတို့ဖြင့် အောက်ပါလက်ဟန်များကိုလေ့ကျင့်ရန်၊
နှိပ်ပါ
နှစ်ကြိမ်ဆက်နှိပ်ခြင်း
သုံးကြိမ်ဆက်နှိပ်ခြင်း
ဘယ်၊ ညာ၊ အပေါ် သို့မဟုတ် အောက်သို့ ပွတ်ဆွဲပါ
လေ့ကျင့်မှုပြီးဆုံးသည့်အခါ Done ကိုနှိပ်ပြီးနောက် ထွက်ရန် နှစ်ကြိမ်ဆက်နှိပ်ပါ။