iPhone ရှိ Apple Pay ကိုအသုံးပြု၍ ကတ်ဖတ်စက်နှင့် ငွေပေးချေမှုများပြုလုပ်ခြင်း
Apple Cash နှင့် iPhone ရှိ Wallet အက်ပ်
တွင် ထည့်သွင်းထားသောကြွေးဝယ်ကတ်၊ နှင့်ငွေပေးချေကတ် သို့မဟုတ် ဖြင့် စတိုးဆိုင်များတွင်၊ ခရီးသွားဂိတ်များ စသည်တို့တွင် ကတ်ဖတ်စက်ဖြင့် ဘေးကင်းလုံခြုံစွာ ငွေပေးချေရန် Apple Pay ကိုအသုံးပြုနိုင်သည်။
Apple Pay ကိုလက်ခံသော နေရာများကိုရှာဖွေခြင်း
၎င်းသင်္ကေတများထဲမှ တစ်ခုကိုတွေ့ရသည့် မည်သည့်နေရာမဆို Apple Pay ကိုအသုံးပြုနိုင်သည်။

ဂျပန်နိုင်ငံတွင် ကတ်ဖတ်စက်များကို အောက်ပါသင်္ကေတများနှင့် ပြသထားတတ်သည်၊

Siri ကိုမေးပါ ထိုကဲ့သို့တစ်ခုခုပြောပါ၊
“Where can I use my Apple Pay?”
“Show me coffee shops that take Apple Pay”
“Gas stations that accept Apple Pay”
Face ID နှင့် iPhone တွင်သင်၏ပုံသေကတ်နှင့် ငွေပေးချေခြင်း
ဘေးခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်ပါ။
သင်၏ပုံသေကတ်ပေါ်လာသည့်အခါ Face ID နှင့်အထောက်အထားပြရန် iPhone ကိုတစ်ချက်ကြည့်ပါ သို့မဟုတ် သင်၏လျှို့ဝှက်ကုဒ်ကိုနှိပ်ပါ။
ဖန်သားပြင်တွင် Done နှင့် အမှန်ခြစ်တစ်ခုပေါ်လာသည်အထိ ကတ်ဖတ်စက်နှင့် စင်တီမီတာအနည်းငယ်မျှအကွာတွင် iPhone ထိပ်ပိုင်းကို အံကိုက်နေရာချထားပါ။

လုပ်ပုံလုပ်နည်းကို သိရှိရန်နမူနာလုပ်ပြသည်ကို ကြည့်ပါ။
Touch ID ပါသည့် iPhone တွင်သင်၏ပုံသေကတ်နှင့် ငွေပေးချေခြင်း
Touch ID ပေါ်တွင် သင်၏လက်ချောင်းကိုတင်ထားပါ။
ဖန်သားပြင်တွင် Done နှင့် အမှန်ခြစ်တစ်ခုပေါ်လာသည်အထိ ကတ်ဖတ်စက်နှင့် စင်တီမီတာအနည်းငယ်မျှအကွာတွင် iPhone ထိပ်ပိုင်းကို အံကိုက်နေရာချထားပါ။
လုပ်ပုံလုပ်နည်းကို သိရှိရန်နမူနာလုပ်ပြသည်ကို ကြည့်ပါ။
သင်၏ပုံသေကတ်အစား အခြားကတ်တစ်ကတ်နှင့် ငွေပေးချေခြင်း
သင်၏ပုံသေကတ်ပေါ်လာသည့်အခါ နှိပ်၍ နောက်တစ်ကတ်ကို ရွေးချယ်ပါ။
Face ID၊ Touch ID သို့မဟုတ် သင်၏လျှို့ဝှက်ကုဒ်နှင့် အထောက်အထားပြပါ။
ဖန်သားပြင်တွင် Done နှင့် အမှန်ခြစ်တစ်ခုပေါ်လာသည်အထိ ကတ်ဖတ်စက်နှင့် စင်တီမီတာအနည်းငယ်မျှအကွာတွင် iPhone ထိပ်ပိုင်းကို အံကိုက်နေရာချထားပါ။
ဆုထုတ်ယူကတ်တစ်ကတ်ကို အသုံးပြုခြင်း
အသုံးပြုနိုင်သော စတိုးဆိုင်များ၌ Apple Pay ကိုအသုံးပြုသည့်အခါ ဆုလက်ဆောင်များ လက်ခံနိုင်သလို ရွေးချယ်နိုင်သည်။
သင်၏ဆုထုတ်ယူကတ်ကို Wallet ထဲသို့ထည့်သွင်းပါ။
စတိုးဆိုင်တွင် ငွေပေးချေရာ၌ ကတ်ဖတ်စက်နားတွင် iPhone ကိုကိုင်ထားခြင်းဖြင့် သင်၏ဆုထုတ်ယူသည့်ကတ်ကို ဖတ်စေပါ။
Apple Pay သည် ဝယ်ယူမှုအတွက် ငွေပေးချေရန် သင်၏ပုံသေကတ်ဆီသို့ ကူးပြောင်းပေးသည်။ အချို့စတိုးဆိုင်များတွင် သင်၏ဆုထုတ်ယူသည့်ကတ်နှင့် ငွေပေးချေသည်ကတ်တို့ကို တစ်ဆင့်တည်းနှင့် သုံးနိုင်သည်။ အခြားစတိုးဆိုင်တို့တွင် ငွေရှင်းဂိတ် သို့မဟုတ် ငွေရှင်းကောင်တာတို့မှ ပေးချေမှုအတွက် တောင်းဆိုလာသည်အထိ စောင့်ရန်လိုအပ်ပါသည်။
စတိုးဆိုင်ထဲတွင် ရှိနေစဉ် သင်၏ဆုထုတ်ယူကတ်အလိုအလျောက်ပေါ်လာစေရန် ကတ်ပေါ်ရှိ
ကိုနှိပ်ကာ Automatic Selection ကိုဖွင့်ပါ။
ခရီးစရိတ်ပေးချေခြင်း
Apple Pay နှင့်ယာဉ်စီးခကို ပေးချေနိုင်သည်။ Express Transit ကို သင် အသုံးမပြုပါက အောက်ပါတို့ကို လုပ်ဆောင်ပါ၊
သင်၏ စက်ကိုသေချာစွာဖွင့်ထားပါ (အင်တာနက်နှင့် ချိတ်ဆက်ထားရန်မလိုအပ်ပါ)။
ယာဉ်စီးခပေးချေသည့်ဂိတ်တစ်ခု သို့မဟုတ် ကားပေါ်တက်မည့်နေရာနှင့် နီးကပ်လာသည့်အခါ အောက်ပါတို့မှ တစ်ခုကိုလုပ်ဆောင်ပါ၊
Face ID ပါဝင်သည့် iPhone တစ်လုံးတွင်၊ ဘေးခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်ကာ Face ID နှင့်အထောက်အထားပြရန် iPhone ကိုတစ်ချက်ကြည့်ပါ သို့မဟုတ် သင်၏လျှို့ဝှက်ကုဒ်ကို ရိုက်ထည့်ပါ။
Home ခလုတ်ပါဝင်သည့် iPhone တစ်လုံးတွင်၊ သင်၏စက်ပစ္စည်းတွင်ပြထားသည့် သော့ပိတ်ထားသည့်ဖန်သားပြင်တွင် Home ခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်ကာ Touch ID ပေါ်တွင် လက်ချောင်းကိုတင်ထားပါ။
ဖန်သားပြင်တွင် Done နှင့် အမှန်ခြစ်တစ်ခုပေါ်လာသည်ထိ ယာဉ်စီးခပေးချေဂိတ်ရှိ ကတ်ဖတ်စက်နှင့် စင်တီမီတာအနည်းငယ်မျှအကွာတွင် iPhone ထိပ်ပိုင်းကို အံကိုက်နေရာချထားပါ။
Apple အထောက်အကူပြုဆောင်းပါးမှ Apple Payနှင့် ယာဥ်စီးနိုင်သည့်နေရာ ကိုကြည့်ပါ။
Express Transit ဖြင့် သင်၏ယာဉ်စီးခကို ပေးချေခြင်း
Express Transit ဖြင့် (အချို့နိုင်ငံများသို့မဟုတ် နေရာဒေသများတွင်သာ ရရှိနိုင်သည်) Face ID၊ Touch ID သို့မဟုတ် သင်၏လျှို့ဝှက်ကုဒ်တို့နှင့် အထောက်အထားပြစရာမလိုသလို သင်၏စက်ကို ပြန်ဖွင့်ခြင်း၊ သော့ဖြည်ခြင်း၊ အက်ပ်တစ်ခုကို ဖွင့်ရခြင်းတို့ မလိုအပ်တော့ပါ။
Express Transit စတင်တပ်ဆင်ရန်၊ Apple အထောက်အကူပြုဆောင်းပါးမှ ဂျပန်နိုင်ငံတွင် iPhone သို့မဟုတ် Apple Watch တွင် Suica အသုံးပြုခြင်း နှင့် ဘေဂျင်းနှင့်ရှန်ဟိုင်းတွင် Apple Pay ဖြင့် Express Transitကို အသုံးပြုခြင်း ကို ကြည့်ပါ။
ယာဉ်စီးခပေးချေဂိတ် သို့မဟုတ် ကားပေါ်သို့တက်ရန်နေရာနှင့် နီးကပ်လာသည့်အခါ သင်၏ စက်ကိုဖွင့်ထားမိပါစေ (အင်တာနက်နှင့် ချိတ်ဆက်ထားရန်မလိုအပ်ပါ)။
ဖန်သားပြင်တွင် Done နှင့် အမှန်ခြစ်တစ်ခုပေါ်လာသည်ထိ ယာဉ်စီးခပေးချေဂိတ်ရှိ ကတ်ဖတ်စက်နှင့် စင်တီမီတာအနည်းငယ်မျှအကွာတွင် iPhone ထိပ်ပိုင်းကို အံကိုက်နေရာချထားပါ။
အရံစွမ်းအင်နှင့် Express Cardsကို ပံ့ပိုးပေးထားသော အမျိုးအစားများ တွင် သင်၏ iPhone ကိုအားသွင်းရန်လိုအပ်ချိန် ငါးနာရီအထိ Express Cards ရရှိနိုင်ကောင်း ရရှိနိုင်သည်။ iPhone ကိုအားသွင်းရန် လိုအပ်သည့်အခါ Express Cards ကိုအသုံးပြုနိုင်သလား ကြည့်ရှုရန် ဘေးခလုတ်ကို နှိပ်ပါ (ယင်းကို မကြာခဏပြုလုပ်ခြင်းဖြင့် Express Cards အတွက် အရံစွမ်းအင်ကို သိသိသာသာ လျှော့ချနိုင်ကောင်းလျှော့ချနိုင်မည်) iPhone ကိုပိတ်ထားလျှင် ၎င်းစနစ်ကိုသုံးစွဲ၍မရနိုင်ပါ။
ဂျပန်နိုင်ငံရှိ စတိုးဆိုင်များတွင် Apple Pay ကိုအသုံးပြုခြင်း
ဂျပန်နိုင်ငံတွင် Apple Pay ပံ့ပိုးပေးထားသော iPhone အမျိုးအစားများ နှင့် ဂျပန်နိုင်ငံရှိ ဘဏ်တစ်ခုမှ ထုတ်ပေးထားသော ကတ်တစ်ကတ်လိုအပ်ပါသည်။
သင်အသုံးပြုနေသော ကတ်အမျိုးအစားကို Wallet တွင်းရှိ ကတ်ရှေ့ဘက်တွင် ပြထားသည့်အတိုင်း ငွေရှင်းကောင်တာသို့ပြောပြပါ။
ငွေပေးချေခြင်းကို အပြီးသတ်လုပ်ဆောင်ပါ။
မှတ်စု တည်နေရာဝန်ဆောင်မှုများကို ဖွင့်ထားပါက ငွေလိမ်လည်မှုမျိုးမဖြစ်စေရန်အလို့ငှာ ငွေပေးချေမှုတစ်ခုလုပ်နေချိန် သင့် iPhone ၏တည်နေရာကို Apple သို့မဟုတ် ကတ်ထုတ်လုပ်သူတို့ထံ ပိုပေးကောင်း ပို့ပေးပေမည်။ iPhone တွင်သင်၏တည်နေရာကိုရှာနိုင်သည့် အက်ပ်စ်များကိုစီစဉ်ခြင်း ကိုကြည့်ပါ။