BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
ထိုင်းရွေးကောက်ပွဲ - မဲနိုင်ရုံနဲ့ အာဏာရဖို့ သေချာပြီလား
လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ထိုင်းနိုင်ငံရေးက လှိုင်းတန်ပိုးထန်ခဲ့ပါတယ်။ သက်တမ်းတိုတဲ့ ညွန့်ပေါင်းအစိုးရတွေ၊ ဖွဲ့စည်းပုံခုံရုံးက ဝန်ကြီးချုပ်နှစ်ဦးကို ဖြုတ်ချတာအပြင် ကမ္ဘာဒီးယားနဲ့လည်း စစ်ဖြစ်ပါသေးတယ်။
ဖေဖော်ဝါရီ ၇ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ဘန်ကောက်က လုပ်ငန်းခွင်မတော်တဆမှု မြန်မာနှစ်ယောက် ဒဏ်ရာရ
ရှမ်းပြည်နယ်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ငြိမ်းချမ်းရေး စကားဝိုင်းမှာ ပါဝင်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ် လိုက်တဲ့သတင်းအပါအဝင် ဖေဖော်ဝါရီ ၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ အနှစ်ချုပ်ကို တင်ဆက်ပေးသွားမှာပါ။
စစ်တပ်နဲ့ NUG တို့လှမ်းလာတဲ့ အကြံပေးကောင်စီတွေ
အာဏာသိမ်း ၅ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလမှာရွေ့လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အခုနှစ်ထဲ စစ်တပ်ရောတော်လှန်ရေးမှာပါ လွှတ်တော်၊ အစိုးရ၊ ကောင်စီဆိုတဲ့ အလွှာသုံးခု စင်ပြိုင်ရှိမယ့် သဘောတွေ့နေရပါတယ်။
ရုရှားစစ်ဗိုလ်ချုပ်ကြီး မော်စကိုမြို့မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ အပစ်ခံခဲ့ရ
ပစ်ခတ်ခံခဲ့ရတဲ့ စစ်ဗိုလ်ချုပ်ကြီး ဗလာဒီမီယာ အလက်ဆီယက်ဗ် ဟာ ရုရှားစစ်ဘက်ဆိုင်ရာအဖွဲ့မှာ ထိပ်တန်းပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ပါတယ်။
ဖားကန့်မှာ ဒေသခံတွေ မူးဝေခဲ့ကြတာ ဘာကြောင့်လဲ
ဖားကန့်မှာ လက်နက်ကြီးသံတွေကြားသလို ဒရုန်းပျံသန်းတာတွေ တွေ့ပြီးနောက်မှာ အနံ့ဆိုးတွေပါ နံလာတာကြောင့် ဓာတုအဆိပ်ရည်များ ကြဲလိုက်တာလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ဒေသခံတွေ စိုးရိမ် ထိတ်လန့်ခဲ့ကြပါတယ်။ကျေးရွာ ၁၀ ရွာထက်မနည်း စူးရှပြင်းထန်တဲ့ အနံ့ဆိုးတွေဟာ ညနေ ၇ နာရီဝန်းကျင်ကနေ ည ၁၁ နာရီလောက်အထိ ပြန့်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနဲ့ပတ်သက်တဲ့ အရေးပေါ်အခြေအနေ အမေရိကန်သက်တမ်းဆက်တိုး
မြန်မာနဲ့ပတ်သက်တဲ့ အရေးပေါ်အခြေအနေ အမေရိကန်သက်တမ်းဆက်တိုးတဲ့သတင်းအပါအဝင် ဖေဖော်ဝါရီ ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဂျက်ဖရီအက်ပ်စတိန်း - သြဇာရှိသူတွေနဲ့ ဆက်နွှယ်ခဲ့တဲ့ အမေရိကန် ငွေကြေးလုပ်ငန်းရှင် လိင်မုဆိုး
အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်တာနဲ့ လိင်ကုန်ကူးမှုလုပ်ခဲ့တယ်ဆိုတဲ့ ဂျက်ဖရီအက်ပ်စတိန်းဟာ တရားရင်ဆိုင်နေချိန်မှာ ထောင်တွင်းမှာပဲသူ့ကိုယ်သူသတ်သေသွားခဲ့ပါတယ်။
မြန်မာစစ်တပ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံ တီမောမှာ တရားစွဲဆိုမှု ဘယ်လောက်လက်တွေ့ကျနိုင်လဲ
မြန်မာစစ်ခေါင်းဆောင်အပါအဝင် စစ်အာဏာပိုင်တွေကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ရာဇဝတ်မှုတိုင်ကြားချက်ကို တီမောနိုင်ငံက လက်ခံလိုက်ပါတယ်။ ဒါကို စစ်ကော်မရှင်က အာဆီယံပဋိဉာာဉ် ချိုးဖောက်တယ်လို့ ပြောထားပါတယ်။ တီမောက အာဆီယံပဋိညာဉ်ကို တကယ်ချိုးဖောက်တယ်လို့ ပြောနိုင်လား။
ထိုင်ဝမ်ကို လက်နက်ထောက်ပံ့ရင် ပါးပါးနပ်နပ် လုပ်ဖို့ ထရမ့်ကို ရှီကျင့်ဖျင် သတိပေး
လတ်တလောလပိုင်းတွေအတွင်း အနောက်အုပ်စုနိုင်ငံ ခေါင်းဆောင်တွေ တရုတ်နိုင်ငံကို တဖွဲဖွဲ ရောက်လာခဲ့ကြအပြီးမှာပဲ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ ဖုန်းပြောခဲ့ကြပါတာ ဖြစ်ပါတယ်။
သုံးမျိုးပေါင်းကျင်းပတဲ့ ၂၀၂၆ ထိုင်းရွေးကောက်ပွဲအကြောင်း သိသင့်သမျှ
ထိုင်းနိုင်ငံဟာ လာမယ့် ဖေဖော်ဝါရီလ ၈ ရက်၊ တနင်္ဂနွေနေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံသား ၅၃ သန်းနီးပါး မဲပေးကြမှာဖြစ်ပါတယ်။ လွှတ်တော်အတွက်ရော၊ နိုင်ငံ့ဖွဲ့စည်းပုံအသစ်ရေး မရေးဆိုတာအတွက်ပါ ပြည်သူ့ဆန္ဒခံယူပွဲလုပ်မယ့် ၂၀၂၆ ရွေးကောက်ပွဲအကြောင်းကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
နိုင်ငံရေးတည်ငြိမ်မှု ထိန်းကျောင်းနိုင်အောင် မြန်မာပါတီတွေကို ကူညီမယ်လို့ တရုတ်ပြော
မြန်မာ့ပြည်တွင်းရေးအခြေအနေနဲ့သင့်တော်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်နိုင်မယ့် လမ်းကြောင်းကို အိမ်နီးချင်းနိုင်ငံအနေနဲ့ ကူညီသွားမယ်လို့ တရုတ်ကပြောတဲ့အကြောင်းအပါအဝင် ဖေဖော်ဝါရီ ၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
လူ ၇ သန်း နှစ်စဉ် ကင်ဆာဖြစ်နေတာကို ကြိုတင်တားဆီးလို့ ရနိုင်တယ်ဆိုတဲ့ အစီရင်ခံစာထွက်လာ
ကင်ဆာရောဂါ ၄၀ ရာခိုင်နှုန်းဟာ ကြိုတင်တားဆီးလို့ ရတာကြောင့် လူတွေရဲ့ အသက်ကို ကယ်ဖို့ အစွမ်းထက်တဲ့ အခွင့်အရေးကြီး ရှိနေတယ်လို့ သုတေသီတွေက ပြောပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
၂၀၂၅ မြန်မာရွေးကောက်ပွဲ
စစ်ခေါင်းဆောင်ဆီ စာပို့ပြီး ကြိုတင်မဲကိစ္စကို ပါတီတွေ မေးခွန်းထုတ်
စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ အပြီးမှာတော့ ကြိုတင်မဲပွင့်လင်းမြင်သာမှုနဲ့ ပတ် သက်လို့ မေးခွန်းထုတ်လာကြပါတယ်။
သမ္မတရွေးပွဲမှာ ဘယ်လိုအားပြိုင်မှုတွေရှိလာနိုင်မလဲ
ပြည်သူ့လွှတ်တော်က တင်တဲ့ သမ္မတလောင်းနဲ့ တပ်မတော်သားအစုအဖွဲ့ကတင်မယ့် သမ္မတလောင်းနှစ်ဦးမှာ ဘယ်သူသမ္မတဖြစ်လာနိုင်မလဲ။ပြည်သူ့လွှတ်တော်မှာသမ္မတလောင်းနေရာအတွက် စောင့်ကြည့်ရမယ့်သူနှစ်ဦးရှိပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့ စစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ် ဦးညိုစော ဖြစ်ပါတယ်။
၂၀၂၅ စစ်တပ်ရွေးကောက်ပွဲ - ကနဦးရလဒ်မဲဆန္ဒနယ်ပြမြေပုံညွှန်း
၂၀၂၅ စစ်တပ်ရွေးကောက်ပွဲရဲ့ ကနဦးရလဒ်များကို ကြည့်နိုင်တဲ့ မြေပုံညွှန်းဖြစ်ပါတယ်။ အခုမြေပုံညွှန်းပါ ရလဒ်များဟာ ကနဦးရလဒ်များသာဖြစ်ပါတယ်။ မြေပုံကို ထောက်ရုံနဲ့ မြို့နယ်အလိုက် အနိုင်ရပါတီကို ကြည့်ရှုနိုင်ပါတယ်။
ပြည်တွင်းစစ်နောက်ခံနဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ရွေးကောက်ပွဲ
ပြည်တွင်းစစ်နောက်ခံနဲ့ ကျင်းပတဲ့ မြန်မာရွေးကောက်ပွဲရဲ့ ကန့်လန့်ကာအဖွင့်ဟာ ဗုံးသံ၊ လက်နက်သံတချို့နဲ့ စတင်ပါတယ်။
၂၀၂၅ ရွေးကောက်ပွဲ - မကျင်းပနိုင်မယ့်နေရာ စံချိန်တင်
နေပြည်တော်နဲ့ ရန်ကုန် ကလွဲလို့ ရွေးကောက်ပွဲအပြည့်အဝလုပ်လို့ရတဲ့ ပြည်နယ်နဲ့တိုင်း တစ်ခုမှမရှိတာ တွေ့ရပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက မကြုံဖူးခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပေါ် ကုလ လူ့အခွင့်အရေး အထူးသံ ဘယ်လိုမြင်လဲ
စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲဟာ မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းနဲ့နည်းနဲ့ အဖြေရှာတာမျိုးလား
ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ရွေးကောက်ပွဲ
အမေ(ဒေါ်အောင်ဆန်းစုကြည်) က လူကောင်း၊ သူတော်ကောင်းတစ်ယောက်မို့ အမေ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတဲ့ ပြောပြလို့မရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာသေချာယုံကြည်မှု ရှိနေပါတယ်
မြန်မာရွေးကောက်ပွဲ - စစ်ဗိုလ်ချုပ်တွေနဲ့ တော်လှန်သူတွေကြားက မန္တလေး
နန်းမြို့ရိုးနောက်ခံနဲ့ စစ်သားတွေမဲထွက်ပေးကြတဲ့ ပုံရိပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ အထင်ကရပုံရိပ်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ရှေ့ဆင့်နောက်ဆင့်လုပ်တဲ့ရွေးကောက်ပွဲနှစ်ခုဟာ အာဏာသိမ်းမှုကြောင့် အရာရာ ခြားနားသွားခဲ့ပါပြီ။
မြန်မာနိုင်ငံသား သန်းနဲ့ချီရှိတဲ့ထိုင်းမှာ ကြိုတင်မဲပေးသူ ရာဂဏန်းသာရှိ
ထိုင်းမှာရှိနေတဲ့ မြန်မာလူဦးရေ သန်းချီနဲ့ မဲပေးသူ အရေအတွက် ရာဂဏန်းပမာဏကို နှိုင်းယှဥ်ကြည့်ရင် ထိုင်းရောက် မြန်မာအများစုကြားမှာစစ်တပ်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးနေတာ မြင်သာပါတယ်။
ဗီဒီယို, ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ သဘောထားနဲ့ စိုးရိမ်မှု, ကြာမြင့်ချိန် 3,31
တော်လှန်ရေးတပ်တွေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သူ တွေက စစ်တပ်ရွေးကောက်ပွဲကို မပူးပေါင်း မပါဝင်ဖို့ သတိပေးတာတွေဆက်တိုက် လုပ်နေပါတယ်။
"ကျောင်းက ဆရာမတိုင်း စိတ်ပူ သောကရောက်နေကြတယ်"
စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲနီးလာလေ စိုးရိမ်သောကရောက်ရသူတွေ အများအပြားရှိနေပါတယ်။ အဲဒီထဲ မဲရုံစောင့်ကြမယ့် ပညာရေးဝန်ထမ်းတွေနဲ့ မဲပေးမယ့်မဲဆန္ဒရှင်အချို့လည်း ပါဝင်နေပါတယ်။
ရွေးကောက်ပွဲကြေညာစာတမ်းထဲက စစ်မှုထမ်းဥပဒေ
ပါတီအများစုရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေထဲမှာ တိုင်းပြည်ရဲ့ လူငယ်လူရွယ်ထုကြီး ပြည်ပကို ထွက်ခွာခဲ့ရတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းကို ဖော်ပြထားတာမရှိသလောက် ဖြစ်ပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
စလင်းနဲ့ ဆင်ဖြူကျွန်းကို ဘာကြောင့် ဦးတည်ထိုးစစ်ဆင်တာလဲ
စလင်းနဲ့ ဆင်ဖြူကျွန်းမြို့အပါအဝင် ဧရာဝတီမြစ်အနောက်ခြမ်း ဖြစ်တဲ့ မကွေးတိုင်းအထက်ပိုင်းကို NUG ထိုးစစ်ဆင်တာနဲ့ ပတ်သက်လို့ MDSI ရဲ့ စစ်ဘေးရေးရာတာဝန်ခံ ကိုနောင်ရိုးက" စစ်တပ် ရဲ့ အခြေပြု အင်အားတွေ အားနည်းတဲ့ဒေသကို အချိန်ကိုက်စစ်ရေး ဖော်ဆောင်တာ" လို့ သုံးသပ်ပါတယ်။
စစ်တပ် ဆုကြေးထုတ်ဖမ်းခဲ့တဲ့ ကိုထက်မြတ်အောင်က ဘယ်သူလဲ
အသက် ၂၄ နှစ်အရွယ် မန္တလေးသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုထက်မြတ်အောင်ဟာဖမ်းဆီးခံရတာ ၁၀ ရက်ကျော်လာပြီဖြစ်ပေမဲ့ သူနဲ့ ပတ်သက်လို့ မြန်မာစစ်ကော်မရှင်ဘက်ကတစုံတရာ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
CDM ဆရာမနဲ့ ခင်ပွန်း သတ်ဖြတ်ခံရမှု - CDM တွေ အကာအကွယ်မဲ့နေမှုဖြစ်ရပ်
အသက် ၅၂ နှစ်အရွယ် CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဦး ပြည့်ဖြိုးနိုင်တို့ နေအိမ်တွင်းသတ်ခံရမှုဟာ တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ ပြည်သူ့ ဝန်ဆောင် မှုလုပ်ငန်းတွေ လုပ်ပေးနေကြတဲ့ CDM အသိုင်းအဝိုင်းအတွက် ထိတ်လန့်စရာ သတင်း ဖြစ်ပါ တယ်။
စဉ့်ကူးကို စစ်တပ်ပြန်ထိန်းချုပ်မှုနဲ့ စစ်ကိုင်းဒေသအပေါ် သက်ရောက်မှု
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ဝက်လက်၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေကိုလည်း စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲသလို မြစ်အနောက်ခြမ်းမြစ်ကမ်းဘေးတကြောနဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကိုပါ တပြိုင်နက်စစ်ကြောင်းထိုးနေပါတယ်။
စင်္ကာပူထက်ကျယ်တဲ့မြန်မာ့မြေရှားလုပ်ကွက်တွေ အိန္ဒိယ စိတ်ဝင်စားနေလား
တရုတ်ရဲ့ ကမ္ဘာကို မြေရှားတင်ပို့မှု တင်းကျပ်ပြီးတဲ့နောက်မှာ မြေရှားအကျပ်ဆိုက်လာတဲ့ အိန္ဒိယ က အရင်းအမြစ်အသစ်တွေကို ရှာဖွေလာပါတယ်။ အိန္ဒိယနိုင်ငံပိုင် ကုမ္ပဏီတွေ ကချင်ပြည်နယ်အထိ ရောက်လာပြီး မြန်မာမြေရှားစံနမူနာတွေ လာယူခဲ့ရတဲ့အထိပါ။ အိန္ဒိယက မြန်မာမြေရှားကို စိတ်ဝင်စားနေတာလား။ အိန္ဒိယက မြန်မာမြေရှားယူဖို့ ဆိုရင်ရော ဖြစ်နိုင်ပါ့မလား။






































































